Credit
ကျွန်တော် ဒီ Apk ကိုစပြီး Organize လုပ်တုန်းက Myanmar IT Pro ဆိုတဲ့ နာမည်လေးနဲ့ စဉ်းစားပြီးလုပ်ခဲ့တာပါ . . ဒါပေမယ့် ကျွန်တော် ကျင်လည်ခဲ့တဲ့ ဘ၀ထဲက IT Pro တွေ တော်တော်များများဟာ Blog တွေ မရှိတော့တဲ့သူတွေနဲ့ .. RSS ယူလို့ မရတဲ့ Site တွေနဲ့ တစ်ချို့ ဆိုလည်း Facebook Page တောင်မတွေ့ ရပါဘူး .. ရှိပြန်တော့လည်း Update မလုပ်တာ ၂ နှစ် ၃ နှစ်လောက်ဆိုတော့ ကျွန်တော် ဒီနာမည်နဲ့ လုပ်လို့ မရနိုင်တော့ပါဘူး ။ ကျွန်တော်လုပ်ချင်ပေမယ့်လည်း Active ဖြစ်နေတဲ့ Page တော်တော်များများ ကသမ္ဘာမကျသေးတဲ့သူတွေများတာကြောင့် ဒီနာမည်ပေးလိုက်ရင်ကျွန်တော် အဆဲခံရဖို့ ပဲရှိပါတယ် .. ဒီတော့ နာမည်ပြောင်းပြီး Myanmar IT Page လို့ ပဲပေးလိုက်ရပါတယ် . . ဒီ List ထဲမှာတော့ User တွေအတွက်အဆင်ပြေပြေ Update တွေနေ့ တိုင်းတင်နေတဲ့သူတွေနဲ့ ဆရာသမားတွေလဲပါပါတယ် .. ကျွန်တော်တစ်ယောက်ပဲ ကန့် လန့် လိုက်တိုက်နေသလိုပါပဲ .. ပြီးတော့ ကျွန်တော် ထိပ်ဆုံးကနေရာကိုယူထားပါတယ် .. ဒါကလဲ ထိပ်တွေ အောက်တွေနဲ့ နေရာတစ်ခုကို အငြင်းမပွားစေချင်လို့ ပါ .. စိတ်ထဲကနေ အော်ဘာမှ မတတ်တဲ့ကောင်ထိပ်ဆုံးရောက်နေတယ်ဆိုတော့ List က <UL> နဲ့ စီထားမှန်းသိစေချင်လို့ ပါ.. ပြီးတော့ ဒီထဲမှာ မပါဝင်ကြတဲ့ နည်းပညာဆရာသမားတွေရဲ့ Facebook Page တွေကိုလဲတောင်းခံချင်ပါတယ် .. ကျွန်တော်လဲ မြင်သမျှထည့်လိုက်တာပါ .. အများကြီးကျန်နေပါသေးတယ် ..
နောက်ဆုံးတစ်ခုကတော့ ဒီ App ထဲမှာ ဆရာတို့ ရဲ့ Post တွေကို Credit နဲ့ တကွ RSS နဲ့ ဖော်ပြပေးတာပါ. ပြင်ဆင်ခြင်းမရှိပါဘူး .. ဒါပေမယ့် မကြိုက်ဘူးဆိုရင်လည်း ကျွန်တော် ဖျက်ပေးပါ့မယ်ခမျာ .. Feedback ထဲသာအကြောင်းကြားပေးလိုက်ပါ ..
အားလုံးပါဝင်ပြီး နည်းပညာကိုစုံလင်စွာချီတက်စေလိုသော ဆန္ဒနှင့် .....
Organized By အောင်အောင်ဆွေ ။
4 Comments:
ကျေးဇူးတင်ပါတယ်ဗျာ ခုလိုကြိုးစားပြီးတင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးဗျ
This comment has been removed by the author.
အကိုကိုအကူညီတစ်ခုလောက်တောင်းချင်တယ်
ကိုယ့်ချစ်သူဘယ်သူနဲ့ဖုန်းပြောတယ်,စာပို့တယ်ဆိုတာသိလို့ရမယ့်ဆော့ဝဲရှိရင်တင်ပေးပါအုံးအကို
Post a Comment
Subscribe to Post Comments [Atom]
<< Home